NWN Labs Logo NWN Labs

Active Management ဆိုတာ ဘာလဲ? Passive နဲ့ ဘာကွာသလဲ?

Published: Jun 02, 2026 | Category: Tips 1 min read
Active Management ဆိုတာ ဘာလဲ? Passive နဲ့ ဘာကွာသလဲ?

💡 Active Management ဆိုတာ ဘာလဲ? Passive နဲ့ ဘာကွာသလဲ?

ရင်းနှီးမြှုပ်နှံမှုလောကမှာကတော့ Active နဲ့ Passive ဆိုပြီး အဓိကနည်းလမ်း (၂) မျိုးရှိကြပါတယ်။

📈 Active Management ဆိုတာ ဘာလဲ?

Active Management ဆိုတာကတော့ ရင်းနှီးမြှုပ်နှံမှု Manager တွေက ဈေးကွက်ထဲမှာ အခွင့်အရေးရှိတိုင်း အမြတ်ရဖို့အတွက် ရှယ်ယာတွေကို အမြဲတမ်း အရောင်းအဝယ် လုပ်နေတဲ့ပုံစံပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ရည်မှန်းချက်ကတော့ S&P 500 လိုမျိုး ဈေးကွက်ညွှန်းကိန်း (Market Index) တွေထက် ပိုသာတဲ့ အမြတ်ရဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။

အဓိကအချက်တွေအနေနဲ့ကတော့ ဈေးကွက်ကို အသေးစိတ်လေ့လာတယ်၊ ခန့်မှန်းတယ်၊ ပြီးတော့ မှန်ကန်တဲ့အချိန်မှာ ဝယ်/ရောင်း လုပ်တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒါကလည်း Manager ရဲ့ အရည်အချင်းအပေါ်မှာ အများကြီး မူတည်နေပါတယ်။

⚖️ အဲ့ဒါဆို Passive Management နဲ့က ဘာကွာတာလဲ?

ပြောရမယ်ဆိုရင်တော့ Passive ဆိုတာ Active နဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ပုံစံက တစ်ခါဝယ်ရင် ရေရှည်ကိုင်ထားဖို့ပဲ စိတ်ကူးပြီး ဈေးကွက်ညွှန်းကိန်းတွေအတိုင်း လိုက်သွားတာမျိုး (Match the Market) ပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် မကြာခဏ အရောင်းအဝယ် လုပ်စရာမလိုတဲ့အတွက် (Buy and Hold ဗျူဟာမို့လို့) စရိတ်စက ပိုသက်သာပါတယ်။

ပြောရမယ်ဆိုရင် သူ့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ဈေးကွက်နဲ့အညီ အမြတ်ရဖို့ပဲ ဖြစ်ပါတယ်။

Crypto နယ်ပယ်အတွက်ဆိုရင်တော့ မကြာခဏ အဝယ်အရောင်းလုပ်တဲ့ Daily/Swing Trading က Active ဖြစ်ပြီး၊ Bitcoin ကို DCA လုပ်ပြီး ရေရှည် HODL တာက Passive ပုံစံမျိုး ဖြစ်ပါတယ်။

🤔 ဘာကြောင့် လူတွေက Passive ကို ပိုသဘောကျလာကြတာလဲ?

Active Management က အမြတ်ပိုရဖို့ ကြိုးစားပေမဲ့ အရောင်းအဝယ် မကြာခဏလုပ်ရတဲ့အတွက် Fee (ဝန်ဆောင်ခ) တွေ ပိုများတတ်ပါတယ်။ ပြီးတော့ အန္တရာယ်ကလည်း ပိုများပါသေးတယ်။

အဲ့ဒါကြောင့်ပဲ အခုနောက်ပိုင်းမှာဆိုရင် Institutional တွေရော၊ Individual ရင်းနှီးမြှုပ်နှံသူတွေကပါ Passive Investment (Index Fund) ဘက်ကို ပိုအားသန်လာကြတာပဲ ဖြစ်ပါတယ်။

သမိုင်းဝင် Data တွေအရဆိုရင်လည်း ရေရှည်မှာ Passive ရဲ့ Return က Active Manager အများစုထက် ပိုပြီး သာလွန်လေ့ရှိတာကို တွေ့ရပါတယ်။

⚠️ Disclaimer - Not Financial Advice. Knowledge Sharing Only.