Crypto လောကရဲ့ နာမည်ကြီး Coinbase ဟာဆိုရင်တော့ အိန္ဒိယမှာရှိတဲ့ သူ့ရဲ့ ဖြစ်တည်မှုကို ပိုပြီးခိုင်မာအောင် လုပ်ဆောင်လိုက်ပြီပဲ ဖြစ်ပါတယ်။
ဘယ်လိုပုံစံမျိုးနဲ့လုပ်ဆောင်လိုက်တာလဲဆိုရင်တော့ သူက အိန္ဒိယနိုင်ငံမှာရှိတဲ့ အသုံးပြုသူတွေအတွက် ပိုအဆင်ပြေမယ့် Feature အသစ်တွေကို ထပ်ထည့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
✨ ဘာတွေထူးခြားလာလဲ?
- အရင်ကလိုမျိုး P2P တွေ၊ ကြားခံတွေရှာစရာမလိုတော့ဘဲ IMPS ကတစ်ဆင့် ဘဏ်အကောင့်ထဲကနေ တိုက်ရိုက်ငွေသွင်း၊ ငွေထုတ်လို့ရသွားပြီ။
- ပြည်တွင်းက Traders တွေအတွက်ဆိုရင်လည်း Liquidity ပိုကောင်းလာအောင် သီးသန့် INR Order Books တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
- Spot Trading အပြင် Perpetual Futures တွေပါ ကစားလို့ရသလို၊ Institutional-grade APIs တွေနဲ့ WebSocket Order book streaming လိုမျိုး ပရိုဆန်တဲ့ Tool တွေကိုပါ သုံးနိုင်ပြီပဲ ဖြစ်ပါတယ်။
❓ ဘာကြောင့်အဲ့လိုတွေ လုပ်ပေးလိုက်တာလဲဆိုရင်တော့ -
- Coinbase ဟာ အိန္ဒိယရဲ့ Financial Intelligence Unit (FIU-IND) မှာ တရားဝင် မှတ်ပုံတင်ထားတဲ့အတွက် ဥပဒေနဲ့အညီ ယုံကြည်စိတ်ချစွာ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
- ဒါ့အပြင် အိန္ဒိယမှာက Developer အသိုင်းအဝိုင်းကောင်းသလို Crypto ကို အသုံးပြုသူလည်း အရမ်းများတဲ့အတွက် ဒီဈေးကွက်ကို Coinbase က အရမ်းအလေးပေးနေတာပဲ ဖြစ်ပါတယ်။
📊 ပြောရမယ်ဆိုရင် ၂၀၂၅ နှစ်ကုန်ပိုင်းကမှ အိန္ဒိယကို ပြန်ဝင်လာတာဖြစ်ပေမဲ့ အခုဆိုရင် Base Project တွေနဲ့ CoinDCX တို့မှာပါ ရင်းနှီးမြှုပ်နှံပြီး Blockchain လောကကို အရှိန်အဟုန်မြှင့်တင်နေတာကို တွေ့ရပါတယ်။
အဲ့ဒါတွေကြောင့် အိန္ဒိယဟာ ကမ္ဘာ့ Crypto Adoption အမြင့်ဆုံး နိုင်ငံဖြစ်တာနဲ့အညီ Coinbase ရဲ့ ရေရှည်စီမံကိန်းတွေကလည်း ဆက်ပြီးတော့တောင် ရှိနေဦးမှာပဲ ဖြစ်ပါတယ်။
⚠️ Disclaimer - Not Financial Advice. Knowledge Sharing Only.