🔮 Crypto လောကမှာ တစ်နှစ်ကို ဒေါ်လာ ၃.၅ ထရီလီယံလောက် အရောင်းအဝယ်ဖြစ်အောင် စွမ်းဆောင်ပေးနေတဲ့ Wintermute က အခုဆိုရင် "Prediction Markets" (ခန့်မှန်းချက်စျေးကွက်) တွေထဲကိုပါ ဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
❓ အဲ့လို ဝင်လာတော့ ဘာတွေထူးခြားသွားမှာလဲ?
💧 Liquidity ပိုကောင်းလာမယ်။
ပုံမှန်အားဖြင့်ကတော့ Prediction Market တွေမှာ Market Liquidity နည်းတာကြောင့် ရောင်းဝယ်ရ ခက်ခဲတတ်ပါတယ်။
ဒါပေမယ့် အခုဆိုရင် Wintermute က ဝယ်ဈေး၊ ရောင်းဈေးတွေကို အမြဲတမ်းတင်ပေးထားမှာမို့လို့ စျေးကွက်ပိုကျယ်ပြန့်လာပြီး အရောင်းအဝယ်တွေ ပိုချောမွေ့လာမှာပဲ ဖြစ်ပါတယ်။
🎯 Accuracy တက်လာမယ်။
စျေးကွက်မှာ liquidity များလေလေ၊ ခန့်မှန်းချက်တွေက ပိုမှန်ကန်လေလေဖြစ်လို့ အခုထက် ပိုတိကျတဲ့ ခန့်မှန်းချက်တွေကို တွေ့ရတော့မှာလည်းပဲ ဖြစ်ပါတယ်။
🔗 DeFi နဲ့ ချိတ်ဆက်မှု
Wintermute ရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် Prediction Market တွေနဲ့ DeFi (Decentralized Finance) ကြားမှာ ပိုမိုနီးကပ်တဲ့ ချိတ်ဆက်မှုတွေ၊ အတိုးနှုန်းရနိုင်တဲ့နည်းလမ်းတွေနဲ့ အခြားဆန်းသစ်မှုတွေကိုပါ မြင်တွေ့ရဖို့ ရှိပါတယ်။
📊 DeFiRate ရဲ့ အချက်အလက်တွေအရ Kalshi နဲ့ Polymarket လိုမျိုး နာမည်ကြီး Platform တွေမှာဆိုရင် တစ်ပတ်ကို ဒေါ်လာဘီလီယံနဲ့ချီပြီး အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။
အဓိကအနေနဲ့ကတော့ နိုင်ငံရေး၊ အားကစားနဲ့ Pop Culture ခန့်မှန်းချက်တွေက အများဆုံးပဲ ဖြစ်ပါတယ်။
🚀 အခုသတင်းနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင်တော့ အခုလိုမျိုး Market Maker ကြီးတွေ ဝင်လာတာဟာ Prediction Market တွေကို အပျော်တမ်းခန့်မှန်းရာကနေ တကယ့်ကို အရေးပါတဲ့ "Asset Class" တစ်ခုဖြစ်လာဖို့ တွန်းအားပေးနေတာနဲ့အတူတူပဲ ဖြစ်ပါတယ်။
⚠️ Disclaimer - Not Financial Advice. Knowledge Sharing Only.