🤔 Strategy က Bitcoin တွေကို စပြီး ရောင်းထုတ်နေပြီလား?
Crypto လောကရဲ့ ဆရာကြီး Strategy ကတော့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်ကနေ ၃၁ ရက်အတွင်းမှာ ခန့်မှန်းခြေ ဒေါ်လာ ၂.၅ သန်းတန်ဖိုးရှိတဲ့ BTC ၃၂ ခုကို ရောင်းချခဲ့ပါတယ်။
📊 ပြောရမယ်ဆိုရင်တော့ အဲ့ဒါဟာ ၂၀၂၂ ခုနှစ် အခွန်လျော့ပေါ့မှုအတွက် အရောင်းအဝယ်လုပ်ခဲ့ပြီးကတည်းက Strategy ရဲ့ ပထမဆုံး Bitcoin ရောင်းချမှုလည်းပဲ ဖြစ်ပါတယ်။
အဲ့ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်ကတော့ ဒီလိုရောင်းရတဲ့ငွေတွေကို သူတို့ရဲ့ စတော့ရှယ်ယာတစ်ခုဖြစ်တဲ့ STRC (Stretch) အတွက် Funds အဖြစ် သုံးစွဲသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
"ဟာ... ဒါဆို Strategy တို့ Bitcoin အပေါ်မှာ လက်လျှော့လိုက်ပြီလား" ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။
ဒါပေမယ့် နေပါဦး။
🤏 တကယ်တမ်းမှာကတော့ အခုရောင်းလိုက်တဲ့ ပမာဏဟာ Strategy ပိုင်ဆိုင်ထားတဲ့ Bitcoin စုစုပေါင်းရဲ့ ၀.၀၀၄% ပဲ ရှိပါသေးတယ်။
အဲ့ဒါကြောင့် လက်ရှိမှာဆိုရင် ကုမ္ပဏီဟာ ဒေါ်လာ ၆၁ ဘီလီယံလောက် တန်ဖိုးရှိတဲ့ BTC ပေါင်း ၈၄၃,၇၀၆ ခုကို ဆက်လက်ပိုင်ဆိုင်ထားတုန်းပဲ ဖြစ်ပါတယ်။
🎙️ အမှုဆောင်ဥက္ကဋ္ဌ Michael Saylor ကလည်း ဒီရောင်းချမှုဟာ ကုမ္ပဏီအနေနဲ့ STRC ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူက Strategy ဟာ Bitcoin တွေကို ရောင်းတာထက် ပိုပြီးတော့ပဲ ဆက်တိုက်ဝယ်ယူသွားဖို့ အစီအစဉ်ရှိတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
🔍 အခုလိုမျိုး အခြေအနေနဲ့ပတ်သက်ပြီး Analysts - လေ့လာဆန်းစစ်သူတွေကြားမှာတော့ အမြင်အမျိုးမျိုး ကွဲပြားနေကြပါတယ်။
တချို့က ဒါဟာ ကုမ္ပဏီရဲ့ ငွေကြေးစီမံခန့်ခွဲမှု (Treasury Management) ဆုံးဖြတ်ချက်အသေးအမွှားလေးတစ်ခုပဲမို့ ရေရှည် Bitcoin Strategy အပေါ် ဘာမှ သက်ရောက်မှုမရှိဘူးလို့ မြင်ကြပါတယ်။
ဒါပေမယ့် နောက်တစ်စုကတော့ ကုမ္ပဏီရဲ့ အရင်းအနှီးဖွဲ့စည်းပုံကို စီမံခန့်ခွဲရာမှာ ပိုမို လိုက်လျောညီထွေရှိလာတဲ့ လက္ခဏာတစ်ခုလို့ ယူဆကြပါတယ်။
⚖️ ပြောရမယ်ဆိုရင် အဲ့သတင်းကြောင့်ပဲ Polymarket ပေါ်မှာ "Strategy က မေလ ၃၁ ရက်မတိုင်ခင် Bitcoin ရောင်းမလား၊ မရောင်းဘူးလား" ဆိုတဲ့ Prediction Market ကြီးတစ်ခုဖြစ်ပြီး အကြီးအကျယ် အငြင်းပွားစရာ ဖြစ်သွားခဲ့ပါသေးတယ်။
လက်ရှိမှာကတော့ Strategy ရဲ့ စတော့စျေးနဲ့ Bitcoin စျေး နှစ်ခုစလုံး အနည်းငယ် ကျဆင်းသွားပေမဲ့... ကုမ္ပဏီဟာ စုစုပေါင်း Bitcoin ပမာဏရဲ့ ၄% ကျော်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်လို့ Crypto လောကရဲ့ ဆရာကြီးအဖြစ် ရှိနေတုန်းပဲ ဖြစ်ပါတယ်။
💬 NWN Labs ရဲ့ Followers တွေအနေနဲ့ရော Strategy ရဲ့ အခုခြေလှမ်းက စျေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်မယ်လို့ ထင်မိကြလားဆိုတာ Comment လေးမှာ ဆွေးနွေးသွားခဲ့ကြပါဦးနော်။
⚠️ Disclaimer - Not Financial Advice. Knowledge Sharing Only.